BCSC-TECH FORUM
Welcome Back, Mate !! Wink
BCSC-TECH FORUM
Welcome Back, Mate !! Wink
BCSC-TECH FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.

BCSC-TECH FORUM

Forum that is gonna be your home!
 
HomeGallerySearchLatest imagesRegisterLog in

 

 FULL MOON DAY OF WARSO

Go down 
AuthorMessage
phyolwin
Pre-Admin
phyolwin


Male
Number of posts : 67
Age : 41
Location : Myanmar
Registration date : 2007-04-02

FULL MOON DAY OF WARSO Empty
PostSubject: FULL MOON DAY OF WARSO   FULL MOON DAY OF WARSO Icon_minitimeThu Jul 17, 2008 9:06 pm

Dear all,

I got mail from my friend about FULL MOON DAY OF WARSO. I want to share all of you. I think every Buddhism should know about this.


ဗုဒ္ဓဘာသာဝင်များအတွက်တော့ ၀ါဆိုလပြည့် ဒီနေ့ ဟာ ထူးခြားတဲ့နေ့တနေ့ပါပဲ။
"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို" ဆိုတဲ့ လင်္ကာအတိုင်း
(၁) ဘုရားလောင်း ပဋိသန္ဓေနေတဲ့နေ့၊
(၂) ဘုရားလောင်း တောထွက်တဲ့နေ့၊
(၃) တရားဦး ဓမ္မစကြာ ဟောကြားတဲ့နေ့၊
…. စတဲ့နေ့တွေဟာ ၀ါဆိုလပြည့်နေ့ အခါသမယမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထူးခြားချက်တွေလည်း ထပ်မံရှိပါသေးတယ်။
(၄) ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာပြတော်မူတဲ့နေ့၊
(၅) ဘုရားအဖြစ်ကို ၀န်ခံတော်မူတဲ့နေ့၊
(၆) တရားရတနာ စတင်ပေါ်ပေါက်တဲ့နေ့၊
(၇) သံဃာရတနာ စတင်ပေါ်ပေါက်တဲ့နေ့၊
(၈) "ဧဟိဘိက္ခု" ဆိုတဲ့စကားကို စတင်ကြားရတဲ့နေ့၊
…. စတဲ့ ထူးခြားချက်တွေဟာလည်း ၀ါဆိုလပြည့်နေ့မှာ ဖြစ်ပေါ်ခဲ့တာပါပဲ။

မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားဟာ ပဉ္စ၀္ဂီ ၅-ဦးကို အမှူးထားပြီး ဓမ္မစကြာတရား ဟောကြားခဲ့ပါတယ်။ နေရာက အိန္ဒိယပြည် ဗာရာဏသီမြို့ အနီး မိဂဒါဝုန်တောမှာ ဖြစ်ပြီး အချိန်ကတော့ နေ၀င်လထွက်ချိန် ဖြစ်ပါသတဲ့။

ဓမ္မစကြာတရားဟာ သစ္စာ-၄ပါး အမှန်တရားကို ဖော်ပြတဲ့တရားတော် ဖြစ်ပါတယ်။ အစွန်း တရားနှစ်ပါးရဲ့ အပြစ်ကို ဖော်ပြပြီး မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်) ကို တိတိကျကျ ညွှန်ပြတဲ့ တရားလည်း ဖြစ်ပါတယ်။

သစ္စာလေးပါးတရားတော်နဲ့ ပတ်သက်လို့ ဆရာတော်ဦးသေဋ္ဌိလ ရဲ့ ရေးသားချက် နှင့် မာဂဓီ (သာစည်) ၏ အခါတော်နေ့များ စာအုပ်တို့မှ အနည်းအကျဉ်း ကောက်နုတ် ဖော်ပြပါရစေ။
Back to top Go down
phyolwin
Pre-Admin
phyolwin


Male
Number of posts : 67
Age : 41
Location : Myanmar
Registration date : 2007-04-02

FULL MOON DAY OF WARSO Empty
PostSubject: Re: FULL MOON DAY OF WARSO   FULL MOON DAY OF WARSO Icon_minitimeThu Jul 17, 2008 9:24 pm

phyolwin wrote:
Dear all,
..............................


"သစ္စာလေးပါးတရားတော်"

ဗုဒ္ဓမြတ်စွာဘုရားသည် သစ္စာ၎-ပါး အမှန်တရားကို ဟောကြားတော်မူခဲ့လေသည်။ ၎င်းသစ္စာ ၄-ပါးကို အမှန်သိလျှင် ချမ်းသာစစ်ကို ရမည်မှာ မလွဲတည်း။
"ဒုက္ခသစ္စာ"
* ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲခြင်း၏အကြောင်းဖြစ်၏။
* ဆိုးရွားဟောင်းမြင်း အိုမင်းရင့်ရော်ခြင်းသည်လည်း ဆင်းရဲခြင်း၏အကြောင်းဖြစ်၏။
* ဖျားနာရခြင်းသည်လည်း ဆင်းရဲခြင်း၏အကြောင်းဖြစ်၏။
* သေရခြင်းသည်လည်း ဆင်းရဲခြင်း၏အကြောင်းဖြစ်၏။
* မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့်အတူတကွပေါင်းယှဉ်ရခြင်းသည် လည်းဆင်းရဲ၏။
* ချစ်နှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင် ကင်းကွာရှဲခွာမပေါင်းရခြင်းသည် လည်းဆင်းရဲ၏။
* ပဋိသန္ဓေနေရခြင်း စသော သဘောတရား ငါ့အားမဖြစ်ပါမှုကောင်းလေစွ စသည်ဖြင့် တောင်းတတိုင်း မရခြင်းသည်လည်း ဆင်းရဲ၏။
* အကျဉ်းအားဖြင့် ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည် လည်းဆင်းရဲ၏။
ဤ ဇာတိ စတော တရားသည် ဒုက္ခဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်၏။

ထိုသို့ ဆင်းရဲအမျိုးမျိုးနှင့် ပြည့်လျက်ရှိရသည်မှာ တပ်မက်ခြင်း၊ မတရားလိုချင်ခြင်း၊ ကိုယ်ကျိုးရှာခြင်း စသော လောဘကြောင့်ဖြစ်ကြောင်း ဒုတိယ "သမုဒယသစ္စာ" က ညွှန်ပြလေသည်။

ဘုရားရှင်သည် ဤမျှလောက်ကိုသာ ဟောထားခဲ့လျှင် ဗုဒ္ဓဘာသာတရားတော် သည် အဆိုးဘက်ကိုသာ ကြည့်၍ တဘက်သတ်ဟောသော တရားဟု ဆိုရန်ရှိ၏။ သို့ရာတွင် ကမ္ဘာ့ဆေးဆရာကြီးဖြစ်တော်မူသော ဘုရားရှင်သည် ကမ္ဘာသူ ကမ္ဘာ သားတို့၏ ရောဂါနှင့် ၎င်းရောဂါ၏ အကြောင်းရင်းကို ပြပြီး၍ ထိုရောဂါ၏ အကြောင်းရင်းဖြစ်သော လောဘကို ပယ်ဖျက်လျှင် ဆင်းရဲရောဂါအပေါင်း ကင်း၍ ချမ်းသာအစစ်ကို ရနိုင်ကြောင်း တတိယ "နိရောဓသစ္စာ" ဖြင့် ပြတော်မူခဲ့လေ သည်။ ၎င်း ဆင်းရဲရောဂါ ပျောက်ကင်းရန်ဆေးကို စတုတ္ထ "မဂ္ဂသစ္စာ" ဖြင့် ပြတော် မူခဲ့လေသည်။

ဆေးကိုစားလျှင် ဆင်းရဲရောဂါ အမှန်ပျောက်မည်၊ ဤနေရာ၌ ဆေးစားခြင်း ဆိုသည်မှာ လမ်းမှန်လိုက်ခြင်းပင်တည်း။ လမ်းမှန်လိုက်ခြင်းဆိုသည်မှာ ဘေးအန္တရာယ် မကင်းသည် လက်ဝဲစွန်း၊ လက်ျာစွန်း၊ အစွန်းနှစ်ဘက်ကျသော လမ်းမဟုတ်၊ ဘေးအန္တရာယ်ကင်းသော အလယ်လမ်းကို ဆိုလိုသည်။ အလယ်လမ်း ဆိုသည်မှာ - အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်လမ်းတည်း။

မဂ္ဂင် ရှစ်ပါးကား - မှန်ကန်စွာသိမြင်ခြင်း၊ မှန်ကန်စွာကြံစည်ခြင်း၊ မှန်ကန်စွာ ပြောဆိုခြင်း၊ မှန်ကန်စွာပြုလုပ်ခြင်း၊ မှန်ကန်စွာ အသက်မွေးခြင်း၊ မှန်ကန်စွာ အားထုတ်ခြင်း၊ မှန်ကန်စွာ သတိပြုခြင်း၊ မှန်ကန်စွာ တည်တံ့ခြင်း … ဤ ရှစ်ပါးတို့ တည်း။



I can't post it all. So I type it again. Every body forgive me.

Be Peace..
Back to top Go down
 
FULL MOON DAY OF WARSO
Back to top 
Page 1 of 1
 Similar topics
-
» Full Moon of Kasone!

Permissions in this forum:You cannot reply to topics in this forum
BCSC-TECH FORUM :: ::: Our Festivals ::::-
Jump to: